Sep 30, 2007

UN envoy meets Aung San Suu Kyi in Yangon Today

UN special envoy Ibrahim Gambari met with democracy icon Aung San Suu Kyi Sunday in Yangon on Sunday as part of his mission to asses the country's situation in the aftermath of anti-government protests and a brutal crackdown, diplomatic sources said.

Gambari arrived in Yangon on Saturday but was flown to Naypyidaw, the ruling junta's hideaway capital, 350 kilometres north of Rangoon.

He returned to Yangon on Sunday and was immediately granted talks with Aung Suu Kyi, who has been under house arrest since May, 2003.

Gambai flew to Burma for discussions with the country's entrenched military government on Saturday, seeking to resolve a bloody political uprising which that has generated worldwide demands for the Burmese junta to halt their repression and make way for democratic reforms.

When Gambari met Aung San Suu Kyi in 2006

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီသည် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်နှင့် တစ်နာရီ ကျော်ကြာ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကြပ်ပြေး နေပြည်တော်မှ ပြန်လာသော ကုလ ကိုယ်စားလှယ် ခေါင်းဆောင်သော ၃ ဦးပါ အဖွဲ့သည် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံအပြီး အပြန်တွင် ဒေါ်စုနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။




Sep 28, 2007

Protest continues at Burmese embassy in Bangkok

About 300 Burmese students, workers and monks staged a protest for the second consecutive day in front of the Burmese embassy in Bangkok on Friday.

The protesters demand that the junta government stop using force against Buddhist monk demonstrators and release the opposition leader Aung San Suu Kyi.

Protesters wearing red headbands paraded placards and banners condemning the violent suppression of Buddhist monks by the military regime and sang their national anthem.

One Burmese Student from Assumpiton University Bangkok..

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဆန္ဒပြပွဲ အကြီးအကျယ်ဆက်လက်ဖြစ်

မြန်မာပြည် ရန်ကုန်မြို့တွင် ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို စစ်အစိုးရက ပစ်ခတ် သတ်ဖြတ်ဖမ်းဆီး နေမှုအား အမြန်ဆုံး ရပ်တန့်စေရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒ ပြပွဲ၊ ဆုတောင်းပွဲများ ကျင်းပခဲ့ကြသည်။

ဘန်ကောက်မြို့တွင် နံနက် ၁၀နာရီခွဲခန့်က မြန်မာသံဃာတော်များ၊ မြန်မာနိုင်ငံသားများနှင့်ကျောင်းသားများ၊ ထိုင်းနိုင်ငံသားများနှင့် စုစုပေါင်းလူ ၄၀၀ ခန့် မြန်မာသံရုံး ရှေ့သို့သွားရောက်က သံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်နေသော စစ်အစိုးရအလိုမရှိကြောင်း ကြွေးကြော်သံ များကို အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။ တက်ရောက်လာသူအများစုမှ မြန်မာအလုပ်သမားများ ဖြစ်သည်။

သံရုံးရှေ့တွင် စွဲကြီးစွာ ဆန္ဒပြနေကြသော မြန်မာများ

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော မြန်မာအလုပ်သမားတဦးက “မနေ့တုံးက ကျနော်တို့မြန်မာနိုင်ငံမှာ ဘုန်းကြီး တွေကို သတ်တဲ့အခါကျတော့ ဒီကနေပြီးတော့ ကျနော်တို့ မြန်မာပြည်သူလူထုတွေ မခံမရပ်နိုင်ဖြစ်ပြီး တော့ အခုလို ဆန္ဒပြခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လို ခံစားရလဲဆိုရင် ကျနော်တို့ကိုးကွယ်တဲ့ ဘာသာ ရတနာသုံးပါထဲမှာ တပါးအပါအ၀င်ဖြစ်တဲ့ သံဃာကို စော်ကားတယ်၊ နှိပ်စက်တယ်ဆိုတာ ကျ နော်တို့ အသည်းထဲမှာ အခုထိ နာကျည်းစရာ ကြေကွဲစရာဖြစ်တာပေါ့။ ” ဟုပြောသည်။

ဘန်ကောက် မြန်မာသံရုံးရှေ့ဆန္ဒပြပွဲသည် ၁၁နာရီကျော်ခန့်တွင် အဖမ်းအဆီးမရှိဘဲ အေးချမ်းစွာ ပြီးဆုံးခဲ့ သည်။

မနေ့ညနေပိုင်းက မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ ထိုင်းနိုင်ငံသားများနှင့် အဲန်ဂျီအိုအဖွဲ့ဝင် နိုင်ငံခြားသားများ စုစုပေါင်းလူ ၃၀၀ခန့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးတွင် ရန်ကုန်မြို့ ဆန္ဒပြပွဲတွင် ပျံလွန်ခဲ့ရသော သံဃာများနှင့် ကျဆုံးခဲ့ရသူ ပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ဆုတောင်းပွဲ ပြီးဆုံး၍ ပြန်လာကြသော လက်မှတ်မရှိသူ မြန်မာအလုပ်သမား ၅၀ခန့်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

Myanmar breaks up rallies by beating with iron baton, cuts Internet

Soldiers clubbed and dragged away activists while firing tear gas and warning shots to break up demonstrations Friday before they could grow, and the government cut Internet access, raising fears that a deadly crackdown was set to intensify.
The government said 10 people have been killed since the violence began earlier this week, but diplomats say the toll is likely much higher. Dissident groups have put the number as high as 200, although that number could not be verified.

စစ်တပ်က ဆန္ဒပြသံဃာတော်များနှင့် ပြည်သူတွေကို အကြမ်းဖက် ဆက်လတ်နှိမ်နှင်း၊

အင်တာနက် ကိုဖြတ်တောက်ပြစ်ပြီ။

ရန်ကုန်တွင် Internet Connection ကို ဒီကနေ့နေ့လည်ကတည်းက စတင်ဖြတ်တောက်ခဲ့သည်။

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် တရုတ်တန်းတွင် ယနေ့ညနေ ၃ နာရီခွဲခန့်က ဆန္ဒပြ လူအုပ်ကြီးကို စစ်တပ် ဦးဆောင်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်များနှင့် ထောင်ထွက်များက တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာတွင် လူများစွာ သေဆုံးသည်ဟု ဒေသခံများ အကြား ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

၎နာရီကျော်မှာ ပုဇွန်တောင်ဘက်မှာ ဆန္ဒပြတဲ့ တသောင်းကျော် ရှိတဲ့ လူအုပ်ကို စစ်တပ်က ပစ်တယ် အနည်းဆုံး လူ ၃ဦး ဒဏ်ရာ ရတယ်။


မဂ္ဂင်ကျောင်းတိုက်နှင့် ငွေကြာယံကျောင်းတိုက်တို့ မှ မတရားရိုက်နှက် ဖမ်းဆီးခံရသည့် သံဃာတော်များအား အင်းစိန် ဂျီတီအိုင်တွင် ချုပ်နှောင်ဖမ်းဆီးထားကြောင်းနှင့် သံဃာများ သည် ယခုအခါ ဆွမ်းကွမ်းကိစ္စရပ်များ ဒုက္ခရောက်လျှက်ရှိကြောင်းနှင့် ဖမ်းဆီးခံရသည့် သံဃာအားလုံးကို တပ်မ (၇၇) တပ်မမှုး ဗိုလ်မှုးချုပ် ၀င်းမြင့်က လူဝတ်လဲရန် အတင်းအကျပ် ဖိအားပေးနေကြောင်း သိရသည်။

ဒဏ်ရာရသူများ များပြားသည်ဆိုသော သတင်းကြောင့် WHO မှ သွားရောက်ကာ ဆေးများ လှူဒါန်းသည်ကို လက်မခံဘဲ ငြင်းလွှတ်ကြောင်း (WHO ရုံးက) ကြားသိရပါသည်။ ဆေးရုံကြီးသို့ ဖုန်းဆက် မေးမြန်းသောအခါ ပြန်လည် ဖြေကြားခြင်း မရှိ၊ ငြင်းဆိုခြင်း မရှိဘဲ ဖုန်းကို ချသွားပါသည်။ ဆေးရုံကြီးဝင်းကို စစ်တပ်က ပိတ်ပစ်လိုက်သည်။

မန္တလေးမြို့၌ ယနေ့မွန်းလွဲပိုင်းက (၃၃/ ၈၄) လမ်းနှင့် (၃၄/ ၈၄) လမ်း အနီး၌ သံဃာနှင့် လူထု အင်အား (၅) သောင်းခန့်ဆန္ဒပြနေရာသို့ စစ်တပ်က ရဟတ်ယာဉ်များပျံဝဲကာ စောင့်ကြည့်ခဲ့ပြီး ရိုက်နှက် ဖမ်းဆီးမှုများရှိသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

Sep 27, 2007

Government Media said 9 person died in Today Violence in Yangon

Ye Htut, a government spokesman, said riot police clashed with anti-government protesters in Yangon on Thursday, killing nine people and injuring 11. Thirty-one government troops were also injured, he said.

The government said one person was killed Wednesday, although media and dissident reports said up to eight died in the first day of the crackdown.

Among those killed was Kenji Nagai, 50, a journalist covering the protests in Yangon for Japanese video news agency APF News. He was confirmed dead after his father and a company representative identified him in a photo, a Japanese Embassy official in Myanmar told The Associated Press.

ယနေ့ ဆန္ဒပြသူများကို သေနတ်ပစ် ချေမှုန်းရာတွင် လူ ၉ ဦး သေဆုံးသွားကြောင်း ယနေ့ည စစ်အစိုး ရုပ်မြင်သံကြားက ကြေညာ သွားသည်။ သို့သော်လည်း ဖမ်းဆီးထိန်းသိမ်းထားသော အရေအတွက်ကိုလည်း ဖော်ပြခြင်းမရှိ ကြောင်းသိရသည်။


ရန်ကုန်မြို့တော်ကို စစ်မြေပြင်ကဲ့သို့ပြုမူနေပုံ

ဆူးလေတွင် ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်း၍ သေနတ်မှန် သေဆုံးရသူ ဂျပန် ဓာတ်ပုံ သတင်းထောက် အမည်မှာ မစ္စတာ Kenji Nagai (အသက် ၅ဝ) ဖြစ်ပြီး တိုကျိုမြို့ အခြေစိုက် APF Tsushin မီဒီယာ ကုမ္ပဏီမှ ဖြစ်သည်။

ရန်ကုန်တိုင်း ကျောက်တံတားမြို့ ၃၇ လမ်းနှင့် ဗန္ဓုလ လမ်းထောင့်တွင် ဆန္ဒပြလူထုကို နအဖမှ အကြမ်းဖက်တိုက်ခိုက်ရန်အတွက် ထောင်သား များကို ယနေ့ညနေ ၅ နာရီခွဲတွင် အသုံးချခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။



Soldiers fired automatic weapons into a crowd of anti-government protesters

Soldiers fired automatic weapons into a crowd of anti-government protesters Thursday as tens of thousands defied the ruling military junta's crackdown with a 10th straight day of demonstrations.
A Japanese Foreign Ministry official told The Associated Press that several people, including a Japanese national, were found dead following Thursday's protests.
Shots were rapidly fired over the protesters, who quickly ran through the eastern edge of downtown Yangon, just blocks from where tens of thousands had earlier braved a government crackdown.

The protesters in that part of the city had repeatedly defied military orders to disperse throughout the day, constantly regrouping after each crackdown, witnesses said.
They also said there was evidence the monks may have been badly beaten during a raid one of the monasteries, with at least 70 of them arrested.

"There's blood in the dormitories and heavy bleeding at the gates. Dormitories were ransacked, a bit of the pagodas which are really sacred were smashed and rubber bullets have been used to destroy walls, doors and Buddhist relics," the source said.

ရန်ကုန်မှာ စစ်သားတွေ အစွမ်းကုန်ရမ်းကားနေပြီ

စစ်တပ်လက်ချက်ကြောင့် ဒဏ်ရာနှင့်ကျောင်းသားတစ်ဦး

စစ်တပ်က မီးရထားဂုံးပေါကနေရာယူတားးတယ် တစ်ယောက်ပြီးတစ်ယောက်ပစ်တယ် ၃၈လပမ်းထိပ်မှာတောင်မျက်ရည်ယိုဗုံးလေလုံးခွဲလိုက်တယ် မြို့ထဲမှာတင် အကျအဆုံးတစ်ရာကျော်သွားခဲ့ပါပြ။ီ

ပန်းဆိုးတန်းမှာ ခုပစ်နေတုန်းပဲ လူသေအလောင်းတွေ ပုံနေပါပြီ ခုပဲ မြင်လာခဲ့ပါတယ်တဲ့ အောက်ကြည့်မြင်တိုင်လမ်းကနေ လူထုကြီးက ဖြတ်ကျော်ချီတက်လာနေပါပြီ။

တာမွေအထက ၃ မှာပစ်တာလည်း ကလေးတွေ အများကြီးသေတယ်။ ကျောင်းဆင်းချိန် လာကြိုတဲ့မိဘတွေရော ဆရာမတွေရော ကလေးတွေကို အတင်းဆွဲပေမဲ့ သေတာ ၁၀၀ လောက်မှာ ကလေးများတယ်လို့ သတင်းရနေပါတယ်။

တာမွေ(၃)သတင်းအဆက်- ကလေးတွေကောမိဘတွေကောတော်တော်များများဒဏ်ရာရကြ။ ကလေး(၃၀၀)လောက်ဖမ်းသွား။ ကားတွေနဲ့ လည်းဝင်တိုက်။ တချို့ ကလေးတွေသေ။

တချို့ ဒဏ်ရာရကြ။ မူလတန်းကလေးတွေပါနားမလည်ဘူး။ အကုန်ဖမ်းပြီးတင်သွားတယ်။ အတော်ယုတ်မာပက်စက်ကြပါတယ်။


သံဃာနှင့်ပြည်သူ့သွေးတွေမြေကြခဲ့ရပြီ


အသက်လုပြီပြေးနေရသောပြည်သူများ

ငွေကြာယံမှာ အစွမ်းကုန်ရမ်းကားနေတယ် ။ တော်တော် အထိနာနေပြီလို့ သိရပါတယ် ... ငြိမ်မနေကြပါနဲ့ .... တတ်နိုင်တဲ့ဘက်က ကူညီကြပါ ။

၃ နာရီလောက်မှာ ကျိုက္ကဆံ ကွင်းနားမှာ လူထူတေကွလမ်းမးတွေကိုသစ်သားတွေနဲ့ပိတ်ပြီးစစ်တပ်နဲ့ အပြိုင် ထိပ်တိုက် စုဝေးနေပါတယ်..ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ၊သံဃာတွေကိုအဲဒီ ကျိုက္ကဆံကွင်းထဲမှာ လာလာပို့တယ်လို့ပြောပါတယ်...အဲဒီမှာ..ကျောင်းသားတွေက ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပါတယ်..လူတွေစုဝေးနေတုန်းမှာပဲစစ်ကားကြီးက နောက်ကလာပါတယ်..ဒိုင်းကာထားတဲ့ စစ်သားတွေက ရှေ့ကနေလာပါတယ်..လူအုပ်ကြီးကပြေးတော့တာပဲ..စစ်ကားက ၀ုန်းဒိုင်းကျဲပြီး မျက်ရည်ယို ဗုန်းတွေနဲ့ပစ်....နံပါတ်ဒုတ်တွေနဲ့ရိုက်လို့ပြေးကြရပါတယ်..အဲဒီတော့ ကျနော်တို့လည်း တိုက်ပျက်ကြီးကနေ ဖြတ်ပြီး နတ်ချောင်း ဘက်ကနေ ပြေးခဲ့ရပါတယ်..ခဏကြာတော့ စစ်ကားတွေနဲ့ လိုက်ပစ်ပါတယ်..တာမွေဗလီအထိပါ..

ပြီးတော့သုဝဏ္ဏဘက်သွားကြပါပြီ..အထိနာတဲ့သူတွေတော်တော်များပါတယ်..ကျောင်းသား

တွေလဲ ပါပါတယ် ဘုန်းကြီး၃ပါး ပါပါတယ်။



ပြည်သူကိုသတ်ရင် စစ်တပ်မဟုတ်ဘူး....ခွေးတပ်...ခွေးတပ်


Army continue killing and beating Monks and People in Yangon

Witnesses said at least one man had been shot, though the weapons fire did not appear to be aimed directly at the crowd that had gathered at Sule Pagoda.

The demonstration followed early morning raids on Buddhist monasteries during which soldiers reportedly beat up monks and arrested more than 100.

The monks have spearheaded the largest challenge to the military junta in the isolated Southeast Asian nation since a failed uprising in 1988. In that crisis, soldiers shot into crowds of peaceful demonstrators, killing some 3,000 people.

စစ်တပ်က သံဃာနှင့်ပြည်သူကို ရက်စက်စွာ ဖြိုခွင်းနေပြီ။

လူတွေက ခဲတွေနဲ့ စစ်တပ်ကို ပြန်ပစ်နေကြပါတယ် .. ပစ်ရဲရင် ပစ်ကြည့်လို့ စိန်ခေါ်ပြီးထွက်သွားတဲ့ သူကို ပစ်သတ်လိုက်ကြပါပြီ တောင်ဥက္ကလာ ငွေကြာရံ က အကြီဆုံးဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားပြီ အခု စစ်သား ၂၀၀ လောက်ကို ပြည်သူတွေက၀ိုင်းထားတယ် ထိမ်းချုပ်ထားတယ် အခြေအနေကတော့ တော်တော် ဆိုးရွားနေပြီဟု ပြောဆိုသည်။ ( တောင်ဥက္ကလာ)

စစ်တပ်က ပစ်ခတ်မှုကြောင့် ပန်းဆိုးတန်းဂုံးကျော် တံတားအောက် ကျောင်းသားတယောက် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

၃၅လမ်း ၊ ၈၂လမ်းဒေါင့် ( ချစ်ဆွေ ဟိုတယ် ) ရှေ့တွင် ပြည်သူများဘက်သို့ သေနတ်ရှစ်ချက် တည့် ပစ်ကြပါတယ်။ ထို့နောက် မီးသတ်ကား ပေါ်မှာ မီးသတ်သမားတစ်ဦးသည် ကားပေါ်မှဆင်းလာပြီး ပြည်သူများကို ရန်မူ ရန်လာသောအခါ ပြည်သူများမှ ဆွမ်းကြီးဝိုင်းလောင်းရာ မီးသတ်တစ်ဦး သေဆုံးသွားသည်။

ရန်ကုန်ဘူတာကြီးထဲမှာ သေနတ်သုံးချက် ထပ်ပစ်သွားတယ်။ လူတွေက ဘူတာထဲကို ၀င်ပြေးသွားတယ်။ စစ်သားတွေက လိုက်ဖမ်းတယ်။ ရန်ကုန်ဘူတာထဲက လူတွေကို အပြင်မထွက်ခိုင်းဘူး။ ကျောင်းသားတစ်ယောက် ကျည်ဆံမှန်လို့ နှုတ်ခမ်းကြီးပြတ်သွားတယ်ဟု ပြောဆိုသည်။

ပန်းဆိုးတန်းမှာပစ်နေတယ်ဗျ လူတွေထဲကိုပစ်တာ... တွေ့သမျှလူတွေ ဆွဲတင်ဖမ်းတယ်ဟု မျက်မြင်တဦးပြောဆိုသည်။

ကျိုက္ကဆံမှာ မနေ့ညကဖမ်းထားတဲ့ ဘုန်းကြီး(၅၀၀)ကို ပြန်လွှတ်ပေးရန် တောင်းဆိုဖို့အတွက် လူအုပ်ကြီး ချီတက်သွားတယ်၊ ရဲတွေက သေနတ်နဲ့ပစ်တယ်၊ အလောင်းတွေ မြင်မကောင်းဘူး၊ လူအုပ်ကြီး ပြန်လှည့်လာပြီး တီအီးကားတွေကို မီးရှုံ့ကြတယ်။တောင်ဥက္ကလာမှာ တပ်ကို လူထုက၀ိုင်းတယ်၊ လူထုကို တပ်ကပြန်ဝိုင်းတယ်၊ လူထုတော်တော် နာသွားတယ်၊ တောင်ဥက္ကလာ မြင်သာဘုရားနားမှာဖြစ်တယ်၊ မြိုင်ကြီးငူဆရာတော် ဆင်းလာတယ်(အတည်ပြုချက်မရဘူး)။

Violent crackdown launched in Myanmar on 26 September

Burmese security forces fired directly on protesting monks and other demonstrators in Yangon, reportedly killing five monks and one woman in separate Rangoon clashes, according to unconfirmed reports, and witnesses said police beat and dragged away dozens of Buddhist monks.
The government said at least one person was killed, while dissident groups and media reported up to eight dead .The military junta's announcement on state radio and television was the first acknowledgment of the use of force against protesters and its first admission of bloodshed after a month of mostly peaceful demonstrations against the government.

The phone lines of many pro-democracy activists and many members of a volunteer medical team that has followed Rangoon demonstrations also have been cut off by the military government.


သွေးစွန်းသော ဥပုသ်နေ့ "ရဟန်းသံဃာတော်များသွေးမြေကျ ပျံလွန်တော်မူခဲ့ပြီ။”

ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာမေတ္တာပို့ချီတက် သပိတ်မှောက်သည့် သံဃာတော်များကို နအဖစစ်တပ်က ယနေ့ သေနတ်ဖြင့် စတင်ပစ်ခတ်နိမ်နင်းသဖြင့် သံဃာတော်နှင့်လူအချို့ဒဏ်ရာရပြီး အချို့ဖမ်းဆီး ခံရကြောင်း မျက်မြင်တွေ့သူတို့က ပြောသည်။

ရွှေတိဂုံ ဘုရားအနီး ဆန္ဒပြ သံဃာတော်များကို ရဲများက ရိုက်နှက်၍ သံဃာ ၃ ပါး ဆေးရုံ ရောက်ရှိခဲ့သည်ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တဦး အပြောအရ သိရသည်။


ရိုင်းစိုင်းသော နအဖနှင့် သူ၏နောက်လိုက်များက သံဃာတော်များကို ကိုယ်ထိလက်ရောက် စော်ကားခဲ့၍ ဒဏ်ရာနှင့်သံဃာတော်တစ်ပါး


ဆူးလေဘုရား အနီး မိုးပေါ်ထောင်ပစ် လူစုခွဲရုံတင်မကဘဲ လူအုပ်ကြားထဲသို့ သေနတ်တချက် ပစ်ထဲ့၍ အမျိုးသမီး တဦး သေနတ် ထိမှန် သွားသည်။

ရှေ့ဆက်ကြွခွင့်ပေးရန် သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို စစ်သားနှင့်ရဲများက လက်မခံဘဲ သံဃာနှင့် လူ (၁၀၀) ကျော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။


မြို့ခံတဦးက “လူတွေကို ဒိုင်နာကားတွေပေါ်ကို ရိုက်ပြီးတော့တင်သွားတယ်၊ နဖူးကွဲဒူးပြဲပေါ့၊ ဘယ်သူမှ ကပ်လို့မရဘူး၊ ကပ်တဲ့လူအကုန်လုံးကို ၀ိုင်းရိုက်တယ်။ လည်ပင်းတွေကို ခြေထောက် တွေဘာတွေနဲ့ နင်းတယ်။ တုတ်ကို အသွားအပြန်ရိုက်တာ ဆက်တိုက်ချတာ၊ ၀ါးရင်းတုတ်နဲ့” ဟု ပြောသည်။


ဒါက ဆူးလေနားက မှန်အလုံကာထားတဲ့ စားသောက်ဆိုင်တစ်ခုပါ။
စစ်သားတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လိုက်ချိန်မှာ လူတစ်ယောက်ကို ရှပ်ထိပြီး ကျန်နှစ်ချက်မှာ စားသောက်ဆိုင်ကို ထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်။ သူရဲ့ပစ်ပုံက လူကို ပစ်လိုက်တာဖြစ်ပေမယ့် သူ့သေနတ်က မိုးပေါ်ကိုလည်း ရမ်းသွားပါတယ်။ စားသောက်ဆိုင်ကို ထိပြီး မိုးပေါ်သို့လည်း ကျည်ဆံများ ထွက်သွားကြောင်း အနီးတွင်ရှိသူတဦးမှ ပြောဆိုသည်။

Sep 26, 2007

Myanmar Junda cracks down on protesters but marches continue


Armed police get out of a truck full of shields and other riot equipment as they arrive in downtown Yangon. Myanmar has moved to crush the mass rallies that have erupted nationwide against the military regime, as security forces fired tear gas and warning shots, and beat protesters in the streets.


စမ်းချောင်းမှာမျက်ရည်ယိုဗုံးခွဲပြီးကားပေါ်ဆွဲတင်တဲ့သတင်းကိုကြားတော့ စမ်းချောင်းမှာရှိတဲ့ ဘားဂရာကျောင်းတိုက်။ဥယျာဉ်တိုက်။ ရှင်ဥတမဇယျဝတီကျောင်းတိုက် အောင်မင်္ဂလာကျောင်းတိုက်မှာရှိတဲ့ဘုန်းကြီးအားလုံးထွက်လာကြ။ ဘုန်းကြီးတွေကို လုံထိန်းတွေကတား စမ်းချောင်းကလူထုကလုံထိန်းတွေကိုဝိုင်းရိုက်။ ဘုန်းကြီးနဲ့ လူထု(၁)သိန်းလောက်က ဗဟိုလမ်းအတိုင်း အရာတော်ဝန်းအထိလျှောက်သွား။ လမ်းတွေပိတ်သွား။ အဲဒီကနေဓမစေတီလမ်းအတိုင်းရွေတိရု့ဘုရားဘေး ကတက်သွားတယ်။
ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။
ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ပြည်သူများအား လုံထိန်းတပ်ဖွဲ့များမှ လိုက်လံ ဖမ်းဆီးနေပါသည်။
သံဃာတွေကို ခုလိုရိုက်နှက်ပစ်ခတ်တာ မြန်မာပြည်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပါတယ်။

Junda Start Firing Gum

















Witnesses and monks said some of the deeply revered Buddhist clergy were beaten and manhandled by riot police as they were taken away from the Shwedagon Pagoda, starting point of the past week's monk-led marches against 45 years of military rule.

Witnesses said they heard no gunshots, but they said security forces burnt plastic pipes to fill the area with smoke.

Despite the defiant column heading towards Sule, the number of monks was well below levels on Monday and Tuesday when they stretched five city blocks chanting "democracy, democracy" with no visible security presence.

မန္တလေးမြတောင်ကျောင်းအနီးတွင်မျက်ရည်ယိုဗုံးများပစ်ခတ်မှုများဖြစ်ရုန်းရင်းဆန်ခတ်ဖြစ်နေ မြို့ထဲမှာ ဆိုင်တွေအားလုံးပိတ်လိုက်ပြီ၊ ဒါပေမဲ့ ပြန်တဲ့လူတွေအတွက် ကား အခက်အခဲတော့ ရှိနေတယ် ခုန ဒဏ်ရာရ အမျိုးသမီး က ရင်ဘတ်နဲ့ ပုခုံး မှာ ရတာလို့ သိရပါတယ်။ ဆူးလေဘုရားပေါ်မှာရှိသမျှလူတွေကို တံခါး 4 ပေါက်ပိတ်ပီး အချုပ်ကားပေါ် ဆွဲတင်လိုက်တယ်။ ဆေးရုံကြီး အရေးပေါ်ကို ဂန်းရှော့နဲ့ (၃)ယောက်ရောက်လာတာ (၁)ယောက် ဆုံးသွားပါပြီ။ ဆေးရုံကြီးကလူ ပြောပါတယ်။ ရွေဂုံတိုင်မှာ ပြစ်ခံရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူတာ သေချာကြောင်းနဲ့  ကျောင်းတိုက်ကို ပြန်သယ်သွားတယ်လို့ သတင်း ထပ်ရပါတယ်။

ရွှေတိဂုံဘုရားအနီး သံဃာတော်များ ဦးဆောင်သော ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ဦးဆောင် ကွပ်ကဲသူများမှာ (၁) ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

Junta start using Gums and Batons

The junta had banned all public gatherings of more than five people and imposed a nighttime curfew following eight days of anti-government marches led by monks in Yangon and other areas of the country, including the largest in nearly two decades.

Firing shots into the air, beating their shields with batons and shouting orders to disperse, the police chased some of the monks and about 200 of their supporters, while others tried to stubbornly hold their place near the eastern gate to the vast shrine complex.

Some fell to the ground amid the chaos and at least one monk was seen struck with a baton.

Za Ga Na was arrested at his home in Yangon

Prominent comedian Za Ga Na, who had joined the monks on Monday in urging people to support the protests, was arrested at his home in Yangon along with activist Win Naing, relatives said.

Troops and riot police take up positions outside at six big activist monasteries in Yangon

Troops and riot police took up positions outside at least six big activist monasteries in Yangon on Wednesday as Myanmar's junta tried to prevent monks leading new protest marches against military rule, witnesses said.
Hundreds more waited in a park behind the Sule Pagoda, the city centre focus of the biggest protests against the generals in 20 years, apparently prepared to prevent any repetition.
There was no immediate word from the monks on whether they would risk their first major confrontation with the junta by trying to march again despite fears of a repetition of the bloody end to a 1988 uprising, primarily in the Sule Pagoda area.

Detained democracy leader Aung San Suu Kyi was moved to the Insein prison


Detained democracy leader Aung San Suu Kyi was moved to the notorious Insein prison from her Rangoon lakeside home at University Avenue, the Reuters news agency reported. Meanwhile Britain's ambassador Mark Canning said in an interview with Reuters that Burma's defense ministry appeared to be leading the government's response to the protests, spearheaded by young Buddhist monks. "They both assured me that it would be dealt with in a "correct" fashion, whatever that means," he said.

Myanmar Military Government imposed 60-Days curfew in Yangon and Mandalay

Army are on the Street of Mandalay since yesterday, Sep 25

Burmese military junta on Tuesday bans gathering of more than five people in a place and declares curfew in two major cities Rangoon and Mandalay, according to a police source in Rangoon.

They also said that the city was now under direct control of Yangon's military commander for 60 days.

Witnesses say 11 military trucks were deployed around the city hall. The government earlier used loud speakers warning people not to take part in the protests.

The campaign began after the military government ended subsidies on fuel, leaving many people unable to afford to take a bus.

Sep 23, 2007

About 1000 Monks gathered in front of Daw Aung San Su Kyi's House, Yangon Today


About 1000 monks and nearly 800 people gathered in front of the house ofDaw Aung San Su Kyi, nobel peace prize winner Today around 3:30 PM.

A witness said Suu Kyi probably came out of her home because she heard the monks chanting the "Metta Sutta" in the street.

A column of protesting monks marching so near Suu Kyi's lakeside home on Rangoon's University Avenue was seen as a powerful symbol of solidarity. Suu Kyi, a symbol of democracy, has been under house arrest for 11 of the past 17 years.

Sep 22, 2007

Monks Issue Call for Public to Join Demonstrations

Monks' Demonstration continued under the Heavy Rain - Sep 21, 2007

Monks Issue Call for Public to Join Demonstrations

Burmese Buddhist monks called on students and civilians to join hands with them in public protests against the military regime which has ruled the country for almost 20 years.
This was the first official call by protesting monks for the public to take part in their demonstration marches which have spread across the country during the past week. Previously, the monks asked the public not to join their protests.

Monks' Demonstration Continued in Yangon Today Under the Heavy Rain

3:45 p.m

Protesting monks have started marching again from Sule pagoda along the Maha Bandula Street

Continuous rain has caused floods on Maha Bandula Street in downtown Rangoon

Floated in the downtown of Yangon Today Due to Heavy Rain

Sep 20, 2007

About 30,000 civilians in Yangon Joins with Monks Today. 20.9.07



Monks' Demonstration in Yangon 20.09.2007- Video

About 30,000 civilians in Yangon Joins with Monks Now.. 20.9.07 - 3:30 PM


8888 Generation Student Leaders were in Prison Hospital - Sep 20, 2007 (unconfirm)


Monks' Demonstration in Burma 18.09.2007- PhotoVideo

Sep 19, 2007

Monks' Demonstration in Yangon September 18-Video

Monks' Demonstration Continued in Yangon Today

More than 1000 monks protested against the regime in former capital again.
Several thousands of people were around the monks and encouraging them in the rain with umbrellas.
" The USDA members are walking in front of the monks and leading the crowd, pretending to be followers of the monks and protesters. But they have not beaten anyone yet," an eyewitness told Mizzima.
"The first one [monk] is holding his alms bowl upside down, and after that three monks are holding Sasana flags. The monks are marching 3 or 4 abreast. However there are only two monks in the last rows," he added.

Another eyewitness said, "There are over 1,000 [monks]. There's a lot. People are also along the road with umbrellas. An aunty [middle aged woman] is crying on the roadside. She said the monks have to walk because the people dare not do so."Activists say they have found USDA members in the crowd who were involved in the crackdown against an 88 generation students' demonstration last month.
"We identified some people who beat us up in Shwegondaing. They are walking now in front of the monks as if they are part of the protest and laymen of the monks," an activist said.
The protests are the biggest challenge to the ruling junta since the mass uprising of August 1988.

Sep 18, 2007

Monks' Demonstration in Burma 18.09.2007- Photos


“This is a fight between dhamma and ah-dhamma (between justice and injustice)”
—A member of the Alliance of All Burmese Buddhist Monks

More Photos.. Please Click on This PhotoTo See More Photos : Please Click Here