Friday, September 28, 2007

Myanmar breaks up rallies by beating with iron baton, cuts Internet

Soldiers clubbed and dragged away activists while firing tear gas and warning shots to break up demonstrations Friday before they could grow, and the government cut Internet access, raising fears that a deadly crackdown was set to intensify.
The government said 10 people have been killed since the violence began earlier this week, but diplomats say the toll is likely much higher. Dissident groups have put the number as high as 200, although that number could not be verified.

စစ်တပ်က ဆန္ဒပြသံဃာတော်များနှင့် ပြည်သူတွေကို အကြမ်းဖက် ဆက်လတ်နှိမ်နှင်း၊

အင်တာနက် ကိုဖြတ်တောက်ပြစ်ပြီ။

ရန်ကုန်တွင် Internet Connection ကို ဒီကနေ့နေ့လည်ကတည်းက စတင်ဖြတ်တောက်ခဲ့သည်။

ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် တရုတ်တန်းတွင် ယနေ့ညနေ ၃ နာရီခွဲခန့်က ဆန္ဒပြ လူအုပ်ကြီးကို စစ်တပ် ဦးဆောင်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်များနှင့် ထောင်ထွက်များက တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာတွင် လူများစွာ သေဆုံးသည်ဟု ဒေသခံများ အကြား ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။

၎နာရီကျော်မှာ ပုဇွန်တောင်ဘက်မှာ ဆန္ဒပြတဲ့ တသောင်းကျော် ရှိတဲ့ လူအုပ်ကို စစ်တပ်က ပစ်တယ် အနည်းဆုံး လူ ၃ဦး ဒဏ်ရာ ရတယ်။


မဂ္ဂင်ကျောင်းတိုက်နှင့် ငွေကြာယံကျောင်းတိုက်တို့ မှ မတရားရိုက်နှက် ဖမ်းဆီးခံရသည့် သံဃာတော်များအား အင်းစိန် ဂျီတီအိုင်တွင် ချုပ်နှောင်ဖမ်းဆီးထားကြောင်းနှင့် သံဃာများ သည် ယခုအခါ ဆွမ်းကွမ်းကိစ္စရပ်များ ဒုက္ခရောက်လျှက်ရှိကြောင်းနှင့် ဖမ်းဆီးခံရသည့် သံဃာအားလုံးကို တပ်မ (၇၇) တပ်မမှုး ဗိုလ်မှုးချုပ် ၀င်းမြင့်က လူဝတ်လဲရန် အတင်းအကျပ် ဖိအားပေးနေကြောင်း သိရသည်။

ဒဏ်ရာရသူများ များပြားသည်ဆိုသော သတင်းကြောင့် WHO မှ သွားရောက်ကာ ဆေးများ လှူဒါန်းသည်ကို လက်မခံဘဲ ငြင်းလွှတ်ကြောင်း (WHO ရုံးက) ကြားသိရပါသည်။ ဆေးရုံကြီးသို့ ဖုန်းဆက် မေးမြန်းသောအခါ ပြန်လည် ဖြေကြားခြင်း မရှိ၊ ငြင်းဆိုခြင်း မရှိဘဲ ဖုန်းကို ချသွားပါသည်။ ဆေးရုံကြီးဝင်းကို စစ်တပ်က ပိတ်ပစ်လိုက်သည်။

မန္တလေးမြို့၌ ယနေ့မွန်းလွဲပိုင်းက (၃၃/ ၈၄) လမ်းနှင့် (၃၄/ ၈၄) လမ်း အနီး၌ သံဃာနှင့် လူထု အင်အား (၅) သောင်းခန့်ဆန္ဒပြနေရာသို့ စစ်တပ်က ရဟတ်ယာဉ်များပျံဝဲကာ စောင့်ကြည့်ခဲ့ပြီး ရိုက်နှက် ဖမ်းဆီးမှုများရှိသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

0 comments: