Custom Search

Monday, May 5, 2008

Situation in Burma after Nargis Cyclone Hit

Cyclone Nargis left a trail of destruction as it moved inland from the Bay of Bengal. An Al Jazeera correspondent reports from inside Myanmar.

Situation in Yangon after Nargis Cyclone battered around Burma

Cyclone, Nargis, batters Myanmar's main city Yangon - 04 May 2008

Wednesday, April 16, 2008

If you want to study in Thailand,

ထိုင်းနိုင်ငံတွင် တကသိုလ်တက်ချင်လျှင်

ထိုင်းနိုင်ငံဧ။် ပညာရေးဆိုင်ရာခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရေး အတွက် တကသိုလ် တော်တော် များများ နိုင်ငံခြားသားများ ပါဝင်သင်ကြားနိုင်သောInternational Program များကို ထည့်သွင်းလာ နေကြ ပါသည်။ မြန်မာလူမျိုး အများစု စိတ်ဝင်စားသော Scholarships များကိုလည်း မက်လုံးတစ်ခု အဖြစ် စီစဉ်ပေး ထားကြပါသည်။ နိုင်ငံခြားသား များများ လာရောက် ကျောင်းတက် လေလေ၊ ထိုကျောင်းသားများဧ။် အတွေးအခေါ်၊ ရှုမြင်စဉ်းစား သုံးသပ်ပုံတို့ကို ထိုင်းဆရာများက စာရင်းများ၊ စာတမ်းများပြုစုကာ ထိုင်းဘာသာဖြင့် သင်ကြားသော ကျောင်းများတွင် ပြန်လည် သင်ကြား နှိုင်းယှဉ်ပေး နိုင်လေ ဖြစ်လေသည်။ ထိုအတွေးအခေါ်ဧ။် ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာကာ တိုင်းပြည်ဧ။် ၅၃%သော ပြည်တွင်း ထုတ်ကုန် တန်ဖိုးသည် ၀န်ဆောင်မှု လုပ်ငန်းများမှ ရရှိလာလေသည်။ထိုင်းနိုင်ငံရှိ တကသိုလ်များမှာ သူ့နယ်ပယ် အတွက် သူသာ နာမည်ကြီး ကြပြီး နယ်ပယ် ပေါင်းစုံအတွက် တကသိုလ် တစ်ခုတည်းက နာမည်ကြီးတာ မျိုးမရှိပါ။ ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး တကသိုလ်များမှာ

၁. Thammasat University for Political Science, Economics and Laws, http://www.tu.ac.th/

၂. Kassetsart University for Agricultural and Forestry, http://www.ku.ac.th/

၃. Mahidol University for all Medical fields, Industrial Ecology and Environment, http://www.mahidol.ac.th/

၎. Chularlongkorn University for All Science and Engineering fields, http://www.cu.ac.th/

၅. Ramkhangheng University for Political Science and Education, http://www.ru.ac.th/

၆. Assumption University for Business Administration, http://www.au.ac.th/

၇. National Institute of Development Administration for Development Studies, http://www.nida.ac.th/

၈. Ubon Rajathanee University for Greater Mekhon Subregion Development, www.ubu.ac.th

တို့ဖြစ်ပါသည်။ တကသိုလ်ဝင်ခွင့် အသေးစိတ်များ၊ ၀င်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက် များတွင် ကြည့်ရှု ရယူနိုင်ပါသည်။ အခြား တကသိုလ် များမှာ မြန်မာပြည်တွင် ရေပန်းစား လှသော်လည်း တချို့ ထိုင်းလူမျိုးများ ကိုယ်တိုင်ပင် မကြားဖူး ကြသည်ကိုလည်း တွေ့ရပါသည်။ Webster University, www.webster.ac.th သည် အမေရိကန် နိုင်ငံသို့ သွားရောက် နေထိုင် ပညာသင်လိုသူများ တဆင့်ခုန်ရာ တကသိုလ် ဖြစ်သောကြောင့် နာမည်ကြီးပြီး Asian Institute of Technology, www.ait.ac.th သည် ပညာသင်ဆုအပေးများခြင်း၊ International Program ချည့် သက်သက်သာ ရှိခြင်းနှင့် အာရှနိုင်ငံများ အချင်းချင်း နည်းပညာဆိုင်ရာ သုတေသနနှင့်ယဉ်ကျေးမှုတို့ ဖလှယ်ရာ အဖြစ် နာမည်ကြီးလေသည်။သို့ရာတွင် ထိုတကသိုလ်များတွင် အခြား ဘာသာရပ်များ အတွက်လည်း International Program များရှိပါ သည်။ ၀မ်းနည်းစရာ ကောင်းသော အချက်မှာ၂၀၀၄ခုနှစ်တွင် ထုတ်ပြန်သော အစိုးရပိုင် တကသိုလ်များ ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှ ဆယ်တန်း အောင်သူကို ထိုင်းနိုင်ငံမှ အလယ်တန်း အောင်သူ နှင့်သာ အရည်အချင်း တူသည်ဟု သတ်မှတ်ပေး ထားပြီး ရိုးရိုးဘွဲ့အတွက် တကသိုလ် တက်လိုသူ သည် GCE O' Level အောင်ပြီးသူ ဖြစ်မှသာ လက်ခံပါသည်။ ထိုင်းသည် အခြေခံပညာ အတွက် ၁၂တန်း ရှိပြီး အထက်တန်း ကို၂နှစ် တက်ရသော ကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ မဟာဘွဲ့ တက်လိုသူသည် အခြေခံပညာ ၁၂တန်း နှင့် ရိုးရိုးဘွဲ့အတွက် ၄နှစ် တက်ရောက် သင်ကြား အောင်မြင်ထားသူ ဖြစ်ရမည် ဆိုသောကြောင့် အနည်းဆုံး စာသင်နှစ် ၁၆နှစ် ရှိရမည် ဖြစ်ရာ မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ပြီး တကသိုလ် ၃နှစ်တက်လျှင် ဘွဲ့ရသောကြောင့် ၁၄နှစ်သာ ကျောင်းတက် ထားရာ မဟာဘွဲ့ အတွက် ၀င်ခွင့်မမီ နိုင်တော့ပေ။ ထိုအခါ GRE and GMAT စသော အောင် လက်မှတ်များ၊ ဆိုင်ရာ တကသိုလ် များဧ။် ၀င်ခွင့် စာမေးပွဲများ၊ လူတွေ့ စစ်ဆေးပွဲ များကို ထပ်မံဖြေဆိုရ လေသည်။ သို့သော် Private University များတွင် သီးခြား စည်းမျဉ်းများ ရှိလေသည်။ အသေးစိတ် သိလို ပါက www.moe.go.th တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။ မြန်မာမိဘအများစု စိုးရိမ်ပူပန်နေသကဲ့သို့ ထိုင်းနိုင်ငံသည် လုံခြုံမှု မရှိသော နိုင်ငံ ဟုတ်မဟုတ်ကို နှစ်စဉ် သန်းချီနေသော ကမာလှည့် ခရီးသည်များက သက်သေခံနေပါသည်။ ကျောင်းဆောင် တိုင်းနှင့် တိုက်ခန်းများ တွင် အဆောက်အဦ တိုင်းတွင် လုံခြုံရေး အစောင့်များ ထူထပ်စွာ ချထားပြီး ရဲနှင့် လူအချိုးမှာ လူ၂၀၀လျှင် ရဲ တစ်ယောက်နှုံး ဖြစ်လေသည်။ မိန်းကလေးများကို လိုက်လံ နှောင့်ယှက်သော၊ ဇွတ်အတင်း ရည်းစားစာ လိုက်ပေး၊ ရည်းစားစကား လိုက်ပြောသော ယောက်ျားလေးများ လုံးဝ မရှိပါချေ။ စိတ်ပူစရာ တစ်ခုကောင်း သည်မှာ နွဲ့နေသော ယောက်ျားလေးများ ထိုင်းတွင်ကျောင်းတက်ပါက အခြောက် ဖြစ်သွားနိုင်ပါသည်။ ၃၀% သော ထိုင်းယောက်ျား လေးများမှာ နွဲ့နေသော Girlish boy များဖြစ်ကြပြီး ကျန် ၃၀%မှာGay များဖြစ်ကြ ကာ ၂၀%သော ထိုင်းယောက်ျား စစ်စစ်များသည် ညစဉ် မကောင်းသော နေရာများ၊ ကလပ်များသို့ ပုံမှန် သွားသည်ဟု social research တက်နေသူ အခန်းဖော် ထိုင်းမကိုယ်တိုင် ပြောပြလေသည်။ ထို့ကြောင့် ထိုင်းမများသည် မိန်းကလေးများကို ဂရုစိုက် ချစ်တတ် သော မြန်မာယောက်ျားကို တော်တော် သဘောကျ ကြလေသည်။ ထိုင်းနိုင်ငံတွင် တရားဝင်ရော၊ တရားမ၀င်ပါ ရောက်ရှိနေထိုင်သော မြန်မာဦးရေ ငါးသန်းခန့်ရှိသည်ဟုခန့်မှန်းထားကြပါသည်။ ထိုင်းနိုင်ငံတွင် ပညာသင် စားရိတ်သည် တကယ် ပညာတတ်သည့် အတိုင်းအတာ၊ သင်ကြားရေးနှင့် သင်ယူရေး ဆိုင်ရာ အထောက်အကူပြု ကိရိယာများ၊ စာကြည့်တိုက်များနှင့် လိုအပ်သော စာအုပ်စာတမ်း များ ရရှိနိုင်မှု အတိုင်းအတာများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံထက် သက်သာသည် ဟုပင် ဆိုနိုင်လေသည်။ နေထိုင်မှု စားရိတ်သည်လည်း မြန်မာနိုင်ငံထက် အပုံကြီး သက်သာလေသည်။ အင်တာနက်ကို ကျောင်းစာ ကြည့် တိုက်တိုင်းတွင် ကျောင်းသားတိုင်း လွတ်လပ်စွာ သုံးစွဲနိုင်ရုံ သာမက ကိုယ့်အခန်းတွင် တပ်ဆင်လို လျှင်လည်း လွတ်လပ်စွာ တပ်ဆင်နိုင်ပြီး လျှောက်လွှာတင်ပြီး ၄ရက်အတွင်း အဆင်သင့် သုံးနိုင်လေသည်။ တပ်ဆင်ခ ဘတ် ၁၀၇၀နှင့် လစဉ်ကြေး ဘတ်၅၉၀ ကျသင့်လေသည်။ နေထိုင်မှု စားရိတ်မှာ သာမန် ကျောင်းသားတစ်ဦးအတွက် (ဟိုတယ်တွင် သူဌေးသုံး သုံးဖို့ မဟုတ်ပါ)

၁. တစ်နပ်စာ ဘတ်၆၀ (ကျောင်းကင်တင်းမှာ စားလျှင် တနပ်စာ ၁၅ဘတ်မှ ၂၅ဘတ်သာ)

၂. ကျောင်း အဆောင်လခ ၄ယောက် တစ်ခန်းဆိုလျှင် ၇၅၀ဘတ် (ျအညေိမေိသမာငအသမပ ဆိုလျှင်ဘတ် ၂၅၀၀မှ ဘတ်၄၀၀၀ကြား)

၃. ရေတစ်ယူနစ် ၁၀ဘတ် (သတ်မှတ်ရက်တွင် ကြိုတင် ကြေညာပြီးမှ ရေလှောင်ကန် သန့်ရှင်းရန် ရေပိုက်လိုင်း ခဏဖြတ် တောက်ခြင်းမှ အပ မည်သည့်အခါမှ ရေမပျက်ပါ)

၎. လျှပ်စစ်မီး တစ်ယူနစ် ၃ဘတ် (ထရန်စဖော်မာ ပေါက်ခြင်း၊ မိုးကြိုးပစ် ခံရခြင်းတို့ကြောင့် နာရီဝက်မှ ၃ နာရီကြာ ခဏ ပျက်ခြင်းမှအပ မည်သည့်အခါမှ မီးမပျက်ပါ)သာကုန်ကျလေသည်။ဘန်ကောက်မြို့အတွင်း သွားလာရေးအတွက် ကားလမ်း၊ ရထားလမ်းနှင့် တူးမြောင်းများ အတွင်းနှင့် ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မြစ်ကြောင်း လမ်းသွား မော်တော်ဘုတ်များ သုံးမျိုးရှိလေသည်။ ကားလမ်းအတွက် Taxi အငှား ကားများ၊ ရိုးရိုးဘတ်စ်ကား၊ အဲယားကွန်း ဘတ်စ်ကား၊ van ဟုခေါ်လေ့ ရှိသော Hi-Aceကားများ၊ ခရီးတိုပြေးသော Pick-upကားလေးများရှိပြီး ဈေးအသက်သာဆုံးမှာ ရိုးရိုး ဘတ်စ်ကားဖြစ်ကာ ခရီးစဉ် တကြောကို ၈ဘတ်ဖြစ်ပါသည်။ အဲယားကွန်း ဘတ်စ်ကားများမှာ Hybrid bus and ordinary bus နှစ်မျိုးပြန်ကွဲပြီး ခရီးစဉ် အလိုက် အနည်းဆုံး Hybrid ကားအတွက် ၁၂ဘတ်၊ ရိုးရိုးကား အတွက် ၁၁ဘတ်ဖြစ်ကာ ခရီးစဉ် အစအဆုံး အတွက်မူ ၂၂ဘတ်ပေးရလေသည်။ van ဟု ခေါ်လေ့ရှိသော Hi-Ace ကားများမှာမူ ခရီးစဉ် နီးဝေးအလိုက် (ဆူးလေ-အင်းစိန် ခရီးလောက်ကို) ၂၅ဘတ်မှ ၉၀ဘတ် (ဆူးလေ -တိုက်ကြီး ခရီးလောက်ကို) ပေးရပြီး ချောင်ချောင် အေးဆေး သက်သာစွာ စီးနိုင်လေသည်။ ခရီးတို ပြေးသော Pick-up ကားလေးများမှာ (သမိုင်း- ဆူးလေ လောက် ခရီးကို) ၇ဘတ်သာ ပေးရလေသည်။Taxi များမှာ စစချင်း ၃၅ဘတ် တက်နေပြီး တစ်ကီလိုမီတာ ခရီးတိုင်း ၂ဘတ် ပေးရလေသည်။ ရထားလမ်း အတွက် Sky Train or BTS ခေါ် မိုးပျံရထား၊ Subway or MRTခေါ် မြေအောက်ရထား၊ ရိုးရိုးမြို့ပတ် ရထား ဆိုပြီး သုံးမျိုးရှိပါသည်။ BTS သည် တစ်ဘူတာ ၁၀ဘတ်နှုံး ပေးရပြီး ခရီးစဉ် စဆုံးစီးပါမူ ၄ဘူတာစာ အလကား စီးရလေသည်။ MRT ခေါ် မြေအောက် ရထားသည် တဘူတာလျှင် ၁၂ဘတ် ပေးရသော်လည်း ခရီးစဉ် ရှည်လေ၊ ဈေးသက်သာလေ ဖြစ်ကာ ၁၈ဘူတာလုံး ခရီးစဉ် စဆုံး စီးနင်းလျှင် ၃၆ဘတ် သာကျသည်။ http://www.reed.eduwww.reed.edu/


http://bp3.blogger.com/_QXXF_uMxlsU/RpEVPOqcE0I/AAAAAAAAAPM/KepWLIxaoDY/s400/bkk+map.jpg

ကျောက်ဖယား မြစ်တွင်း ပြေးဆွဲသော မော်တော်ဘုတ်များမှာ မော်တော် အမျိုးအစား အလိုက် ဈေးနှုံး အသီးသီး ရှိလေသည်။ Pulic Motor Boat များမှာ ခရီးစဉ်အလိုက် ဈေးအနည်းဆုံး ၈ဘတ်မှ ဈေးအများဆုံး ၁၈ဘတ် သာ ပေးရလေသည်။ http://www.in-bangkok.com/ ရထားနှင့် မြစ်ကြောင်း ခရီးမှာ ကမ္နာ့ အဆိုးရွားဆုံးဟု နာမည်ကြီးသော ဘန်ကောက်မြို့ဧ။် ယာဉ်ကြော ပိတ်ဆို့မှုကို ရှောင်ရန် အကောင်းဆုံးသော ခရီးစဉ်များ ဖြစ်လေသည်။


http://bp2.blogger.com/_QXXF_uMxlsU/RpEU5-qcEzI/AAAAAAAAAPE/z01sr_wqDdo/s400/bkk+boat+map.jpg

မည်သည့်ခရီးစဉ်ကို လိုက်ပါသည် ဖြစ်စေ အလွန်အမင်း တိုးဝှေ့ကာ ကြပ်သိပ် ညပ်ပိတ် နေအောင် စီးရသည့် အခါ မည်သည့် အခါမှ မရှိပါချေ။ မတ်တပ်ရပ် စီးနင်းရသောသူ အတန်ငယ် လူများက ဘယ်သူမှ သည်လို ကားပေါ် ထပ်မတက် ကြတော့ သလို စပယ်ယာကလည်း အတင်းမခေါ်၊ ယာဉ်မောင်း ကလည်း စောင့်မခေါ် သည်မှာ အလွန်စိတ်ချမ်းသာစရာ ကောင်းသော အကျင့်ပါပေ။ စပယ်ယာက အတင်း ယာဉ်စီးခ တောင်းရန် မလိုပါ။ အချို့ဘတ်စ်ကားများတွင် စပယ်ယာ မပါဘဲ ခရီးသည်များက ယာဉ်မောင်းထံကို စည်းကမ်းရှိစွာ အလို အလျောက် သွားရောက်ကာ ယာဉ်စီးခ ပေးကြလေသည်။ ဘတ်စ်ကားလိုင်း အချို့မှာ ည (၇)နာရီတွင် သိမ်းပြီး အချို့မှာ ည ၁၁နာရီ ထိရှိကာ မိုးချုပ်သောကြောင့် ကြားကားဈေး တောင်းခြင်း မရှိရုံ သာမက တရက်စာ စာရင်းပိတ် ပြီးချိန်တွင် အလကား ပေးစီးပါသေးသည်။ ထိုင်း ဥပဒေအရ နိုင်ငံခြားသား ကျောင်းသားများ အလုပ်လုပ်ခွင့် မရှိသော်လည်း နိုင်ငံခြားသား အလုပ်သမားများ ကျောင်းတက်ခွင့် ရှိသောကြောင့် အလုပ်ရပြီးမှ ကျောင်းတက်မှသာ အလုပ်တဖက် ကျောင်းတဖက် နေနိုင်ပါမည်။ သို့သော် မဟာဘွဲ့အတွက် ထိုသို့ ကျောင်းတက်ပါက စာမေးပွဲကျဖို့ များလေသည်။ သည်မျှဆိုလျှင် ထိုင်းနိုင်ငံတွင် ကျောင်းနေရန်နှင့် ကျောင်းတက်နေစဉ် ကာလအတွင်း နေထိုင် စားသောက် သွားလာနိုင်ရန် သတင်း အချက်အလက် အတော်အသင့် ပြည့်စုံပြီဟု ယူဆမိပါသည်။

Saturday, February 23, 2008

Virtual high tech border



Feb. 22 - US says it's ready to use its virtual high-tech security system along its border with Mexico.

The US is also hiking fines on employers who knowingly hire undocumented workers.

Thursday, February 21, 2008

Unknown species found in Antarctic



Feb. 19 - Australian scientists believe they have discovered new species of marine life in the Antarctic Ocean.

The Australian Antarctic Division monitored the impact of environmental change on marine organisms in the Antarctic Ocean. Three ships returned with their decks full of an array of sealife including some unknown species.